ရေဖြူ၌ ကွမ်းသီးခွံ စွန့်ပစ်ပစ္စည်းမှကုန်ကြမ်းပစ္စည်းအဖြစ်‌ အရောင်းအဝယ်ဖြစ်လာ

ရေဖြူ ဇန်နဝါရီ  ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကွမ်းသီးပင်စိုက်ပျိုးခြင်း၊ အလုံးအခြောက်ရောင်းဝယ်ခြင်းကို အဓိကစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ကြသည်။

ယခင်က ကွမ်းသီးမှ ကွမ်းသီးအလုံး အနုသီး၊ အမှည့်သီးနှင့် အသားခြမ်းအခြောက်ကိုသာ အရောင်းအဝယ်ဖြစ်ရာမှ မနှစ်ကစ၍ ကွမ်းသီးအခွံဝယ်ယူသည့် ဈေးကွက်တစ်ခုပေါ်လာသည်။

ကွမ်းသီးအခွံကို ယခင်က ကွမ်းသီးမှိုစိုက်ပျိုးခြင်း၊ မီးရှို့ပြီး မြေဩဇာပြုလုပ်ကာ သစ်ပင်အစာကျွေးခြင်း၊ သူ့အတိုင်းဆွေးမြေ့စေခြင်းတို့လောက်သာ အသုံးပြုရာမှ စက္ကူကြမ်းထုတ်လုပ်ရာ ကုန်ကြမ်းပစ္စည်းအဖြစ် ဝယ်ယူလာကြသည်။

ယခုအခါကွမ်းသီး အခွံတစ်ပိဿာ ကျပ်နှစ်ရာနှင့် သုံးရာကြားပေးဝယ်ပြီး ကွမ်းသီးလုပ်ငန်းလုပ်ကိုင်သူများထံ အိတ်များလာပေးကာ ပိဿာချိန်နှင့်ဝယ်ယူကြောင်း၊ စွန့်ပစ်ပစ္စည်းမှ ကုန်ကြမ်းပစ္စည်းအဖြစ်‌ရောင်းကြရသည့်အတွက် လုပ်အားခစရိတ်ပြန်‌ရကြောင်း ကွမ်းသီးတောင်သူများထံက သိရသည်။

ခတ္တာ