သတင်းများ

လားရှိုးမြို့တွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 15,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ယခင်တစ်ပတ်က လားရှိုးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဝန်ကြီးဌာနကိုယ်စားပြု ခရိုင်ဦးစီးမှူးရုံးဖွင့်
Jan 15,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ဝန်ကြီးဌာနကိုယ်စားပြု ခရိုင်ဦးစီးမှူးရုံး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါရုံး၌ ကျင်းပခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ် လွန်ချီကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ကွင်းဆင်းဆောင်ရွက်
Jan 15,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လွန်ချီကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရေနံချောင်းမြို့နယ် ရုံးကုန်းကျေးရွာတွင် ဆင်းရွှေကြာ(၂) နေကြာစံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Jan 15,2024
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်၌ ဆင်းရွှေကြာ(၂) နေကြာစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့က ရုံးကုန်းကျေးရွာအုပ်စု ရုံးကုန်းကျေးရွာ တောင်သူ ဒေါ်စိတ်တုတ်၏ ကွင်းအမှတ်(၁၂၇) ဦးပိုင်အမှတ်(၈၂)တွင် ကျင်းပသည်။
မောက်မယ်မြို့နယ် နမ့်ယွန်းခန်းမ၌ ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ
Jan 15,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စျေးတန်းရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ ၂၀၂၃-၂၀၂၄ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီက မြို့နယ်နမ့်ယွန်းခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။
ကံမမြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအဖွဲ့ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Jan 15,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ် ၁၂:၀၀ နာရီက စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းနှင့် စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)၏ အမွေခံသူတစ်ယောက် အမွေပေးသူတစ်ရာစာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
မိုင်းပန်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မြို့မကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ
Jan 15,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မြို့မကျောင်း၏ ၂၀၂၃-၂၀၂၄ခုနှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မြို့မကျောင်း၌ ယမန်နေ့ ညနေ ၂ နာရီအချိန်က ကျင်းပခဲ့သည်။
ကရသူရိမြို့၌ ယိုးဒယား ကျွဲကောသီး စျေးကောင်းရ၍ တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများ အပိုဝင်ငွေ ရရှိ
Jan 15,2024
တနင်္သာရီတိုင်းဒေသကြီး၊    ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့ရှိ ‌ဒေသခံပြည်သူများသည် နှစ်ရှည်စိုက်ပျိုးရေးလုပ်ငန်းနှင့် ရာသီပေါ်စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ် လျက်ရှိရာ ယခုနှစ်တွင် ယိုးဒယားကျွဲကောသီး စျေးကောင်းရ၍ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသူများ မိသားစု အပိုဝင်ငွေရရှိကြောင်းသိရသည်။