မဟာအောင်မြေ ဇန်နဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ တက္ကသိုလ်ဝင်တန်းအောင်ပန်းဝင် အကြိုစာမေးပွဲကို ယနေ့နံနက်ပိုင်းမှစတင်၍ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ပန်းဝင် အကြိုစာမေးပွဲကို မဟာအောင်မြေမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်းများရှိ Grade-12 ကျောင်းသား/သူများအနေဖြင့် မတ်လအတွင်းကျင်းပပြုမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် အလေ့ကျင့်ကောင်းများရရှိရန်၊ အမှားအမှန်များအား ပြန်လည်ဆန်းစစ်နိုင်ရန်၊ ကြိုတင်ပြင်ဆင်ခွင့်ရရှိရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးကြောင်း အမှတ်(၂၄) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးထံမှ သိရသည်။
အဆိုပါစာမေးပွဲများကို ဇန်နဝါရီလ(၁၅)ရက်နေ့မှ(၂၂)ရက်နေ့အထိ အကြိုအစမ်းလေ့ကျင့် ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း