ရွှေတောင်မြို့နယ် ၂၀၂၃- ၂၀၂၄ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ရွှေတောင် ဇန်နဝါရီ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်း၊ ရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၃- ၂၀၂၄ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင် အထကရွှေတောင်ကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက" စုံညီပွဲတော်တို့နွဲပျော်" သီချင်းဖြင့် အဖွင့်သီဆိုဖျော်ဖြေခဲ့ကြသည်။

ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ရွှေတောင်မြို့နယ်၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးကျော်ဦးမှ ထပ်ဆင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အ.လ.က- ချည်မျှင်ကျောင်းမှ ကျောင်းသူလေးများက မင်္ဂလာပါသီချင်း၊ အ.ထ.က(ခွဲ) သရက်တော ကျောင်းသူလေးများက" ထာဝရမြန်မာ" သီချင်းဖြင့်လည်းကောင်း၊ အ.ထ.က ကြာနီကန်ကျောင်းမှ ကျောင်းသူလေးများက "အလှကမ္ဘာမြေ" သီချင်းဖြင့် အသီးသီးကပြဖျော်ဖြေခဲ့ကြပြီး ဆုရကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူများ ကဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်နန်းမြအေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရွှေတောင်မြို့နယ် ပညာရေးမှူးနှင့် မြို့နယ်အတွင်းရှိ ထက်/လယ်/ မူကျောင်းအုပ်ကြီးများနှင့် ဆရာ/ ဆရာမများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်ဆုရရှိသည့် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းသားမိဘများ စုစုပေါင်း အင်အား(၂၈၅) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)