ကျိုင်းတုံတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား ကျင်းပ

ကျိုင်းတုံ ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ဇန်နဝါရီ ၁၅ ရက် နံနက် ၁၀ နာရီက အဆိုပါကျောင်း ခေမရဋ္ဌ်ခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာ၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာမြမြင်ခင်တို့က ပထမနှစ်သင်တန်း ဘာသာရပ်များအလိုက် တက်ရောက်ခွင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူများသည် အထူးပြုဘာသာရပ်များကို လေ့လာသင်ယူပြီး သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် အသုံးချ၍ ဒေသအကျိုး၊ နိုင်ငံ့အကျိုး၊ လူမှုစီးပွားအကျိုးဆောင်ရွက်နိုင်သည့် နိုင်ငံ့သားကောင်း၊သမီးမွန်များဖြစ်အောင် ကြိုးစားကြရန်နှင့် ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားသည်။

ထို့နောက် ကျိုင်းတုံတက္ကသိုလ်မှ သက်ဆိုင်ရာပါမောက္ခဌာနမှူးများက ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်ဆိုင်ရာမိတ်ဆက်ခြင်း၊ သင်တန်းရေးရာဌာနမှူးက သင်တန်းရေးရာနှင့်ပတ်သတ်၍  ရှင်းလင်းပြောကြားခြင်းနှင့် ကြိုဆိုနှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)