သာစည်မြို့နယ် ကပ်ကျေးအင်းကျေးရွာမှ ဒေသခံပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရရှိရေး အကောင်အထည်ဖော်ဆောင်ရွက်သွားမည် မြေသားရေကန်အား တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေး

သာစည် ဇွန် ၂၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် သာစည်မြို့နယ် ကပ်ကျေးအင်းကျေးရွာမှ ဒေသခံ ပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရရှိရေးအတွက် အကောင် အထည်ဖော်ဆောင်ရွက်သွားမည့် မြေသားရေကန်အား တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ သာစည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့်  ကပ်ကျေးအင်းကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူပြီး အကျယ် အလျား ၅၀၀  ပေ ၊ အနံ ပေ ၂၀၀ ၊ အနက် ၃ပေရှိ မြေသားရေကန်တူးဖော်ပြုပြင်ခြင်းလုပ်ငန်းနှင့် ရေတုံကင် (၂) တပ်ဆင်ခြင်းလုပ်ငန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် မြေသားရေကန်အား ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်တက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ရာသီမရွေး သောက်သုံးရေ အဆင်ပြေစေရေး နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မြေသားရေကန်တူးဖော်ပြုပြင်ခြင်း၊ စက်ရေတွင်းတူးခြင်း၊ ရေစင်နှင့် ရေစက်ရုံ တည်ဆောက်ခြင်း၊ ခြံစည်းရိုး ကာရံခြင်း၊ ရေပိုက်သွယ်တန်းခြင်း လုပ်ငန်းတို့အား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)