သတင်းများ

ဆင်ပေါင်ဝဲမြို့နယ်တွင် ပလတ်စတစ်အိတ်အသုံးပြုမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jun 26,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပလတ်စတစ်အိတ်အသုံးပြုမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီအချိန်က မြို့မစျေးအတွင်း၊ အပြင်၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
မက်မန်းမြို့တွင် မက်မန်းဆရာတော်၏ (၆၃)နှစ်ပြည့် မွေးနေ့မင်္ဂလာနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Jun 26,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် မက်မန်းဆရာတော်၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဘဒ္ဒန္တစန္ဒာသီရိ၏ သက်တော်(၆၃)နှစ်ပြည့် မွေးနေ့မင်္ဂလာနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၃၅ ခု အကောင်အထည်ဖော်ဆောင်ရွက်သွားမည်
Jun 26,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် ခွင့်ပြုငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၃၈ ဒသမ ၈၀ သန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၃၅ ခုကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ထံက သိရသည်။
မြို့သစ်မြို့နယ်တွင် (Biometric)အချက်အလက် စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်
Jun 26,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက (Biometric) အချက်အလက်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဇွန်လ ၂၃ ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မတ္တရာမြို့နယ်၌ ၃၈ဖြာ မင်္ဂလာစာအောင် ဂုဏ်ပြုဆုနှင်းသဘင်ကျင်းပ
Jun 26,2023
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ဗုဒ္ဓကလျာဏယုဝအသင်း (YMBA) မှ ကြီးမှူး ကျင်းပသော ၇၃ ကြိမ်မြောက် ၃၈ ဖြာမင်္ဂလာ စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများနှင့် ရိုးရိုးအောင် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုနှင်းသဘင်ကို ဇွန်လ ၂၅ ရက် မွန်းလွဲ ၁နာရီက အောင်မြေသုခ ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်
Jun 26,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကျေးရွာလူထုကိုယ်တိုင်ပါဝင် ဦးဆောင်လုပ်ကိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း(VDP)စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းကော်မတီဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်နေ့က ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာအုပ်စု၊ မကြီးကုန်းကျေးရွာသို့ သွားရောက်ပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းရွှေဂူကြီးဘုရား ဌာပနာပိတ်ပွဲ မင်္ဂလာအခမ်းအနားနှင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်
Jun 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ လပွတ်ကုလားကျေးရွာအုပ်စု၊ ရွှေဂူကြီးကျေးရွာရှိ အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းရွှေဂူကြီးဘုရား ဌာပနာပိတ်ပွဲ မင်္ဂလာအခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး၌ ကျင်းပခဲ့ရာ ဌာပနာပိတ်ပွဲသို့ ဆရာတော်သံဃာတော် အရှင်သူမြတ်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလှူရှင်များနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြည်ညို ပူဇော်ခဲ့ကြသည်။
အရာတော်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jun 26,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့ နံနက် ၈ နာရီက အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက စောင်ရေ (၄၅၀)အား အခမဲ့ဖြန့်ဝေပေးခဲ့သည်။