သာစည် ဇွန် ၂၆
မန္တလေးတိုင်းဒေသကြီး သာစည်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကို ဇွန် ၂၃ ရက် မွန်းလွဲ ၂ နာရီခွဲက ပြုလုပ်ကြောင်း သိရသည်။
စားသုံးသူကာကွယ်ရေး Talk Show တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်သင်းသင်းက စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်းပြီး စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းအခြေအနေများ၊ အကာအကွယ်ပေးနေမှုများ၊ တိုင်ကြားနိုင်သည့် ကိစ္စရပ်များနှင့် တိုင်ကြားနိုင်သည့် နေရာများအား မေးမြန်းဆွေးနွေးရာ စားသုံးသူရေးရာဦးစီးဌာန မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံ ဒေါ်သိမ့်သူဇာမောင်နှင့် သာစည်မြို့နယ် တာဝန်ခံဦးသက်ချိုဦးတို့က စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျော်မှန်းချက်နှင့် ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ပေးရေးဆိုတာ ကုန်စည် သို့မဟုတ် ဝန်ဆောင် မှုနှင့် စပ်လျဉ်းပြီး စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ စားသုံးသူ နစ်နာဆုံးရှုံးမှု မရှိစေရန် ကာကွယ်ပေးလျက်ရှိ ကြောင်းနှင့် စားသုံးသူများအနေဖြင့် မိမိတို့၏ အခွင့်အရေးများကို သိရှိရန် လိုအပ်ကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲပြီး နစ်နာဆုံးရှုံးမှုများ ရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့် နေရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)