သတင်းများ

မူးယစ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ''သတင်းစကား'' လက်ကမ်းစာစောင်များသန်လျင်၌ ဖြန့်ဝေ
Jun 26,2023
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော ''သတင်းစကား'' လက်ကမ်းစာစောင်များကို သန်လျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကားဂိတ်များ၊ ဈေးများနှင့်လူစည်ကားရာနေရာများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ်တွင် မိုးရာသီတိရစ္ဆာန်အစာပင် နေပီယာမြက်စိုက်ပျိုး
Jun 26,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၃-ခုနှစ် မိုးရာသီတိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း၊ ရက်သတ္တပတ် အစီအစဥ် တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းလှုပ်ရှားမှုကို ယနေ့နံနက်(၉) နာရီအချိန်က အင်္ဂလုံးကျေးရွာတောင်သူ ဒေါ်တင်ဇာလှိုင်၏မြေနေရာတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့၊ မြို့မဈေးကြီးတွင် ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ် သုံးစွဲမှုလျော့ချရေးအတွက် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်
Jun 26,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးတွင် အလွယ်တကူ ဆွေးမြေ့ကြေပျက်မှုမရှိသည့် ပလတ်စတစ်အိတ်နှင့် ကြွပ်ကြွပ်အိတ်များ သုံးစွဲမှုလျော့ချရေး Campaign ကို ယနေ့နံနက်(၇)နာရီက ဆောင်ရွက်ခဲ့ကြသည်။
ငါန်းဇွန်မြို့ အမှတ် (၃) အခြေခံပညာမူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်/စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်
Jun 26,2023
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ် (၃) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၉နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသားကျောင်းသူများအား အသိပညာပေး ဆွေးနွေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျုံပျော်မြို့နယ် (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်
Jun 26,2023
ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော် မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါး အန္တရာယ် ကာကွယ်ရေးအသိပညာပေး Talk Show ရိုက်ကူးထုတ်လွှင့်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုပေးပွဲ ကျင်းပ
Jun 26,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဆုပေးပွဲအခမ်းအနားကို မိုးနဲ(အ.ထ.က)ကျောင်း ပုလဲဆောင်ခန်းမနေရာ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 26,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များကို ယနေ့နံနက်ပိုင်းက အစိုးရ နည်းပညာအထက်တန်းကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်းများဖြစ်သည့် အထက (၁)၊ အ.ထ.က (၂)၊ အ.ထ.က (၃)နှင့် ညောင်ရွေအ.ထ.ကကျောင်းများရှိ ကျောင်းသား/သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။