ကျောက်ဆည်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ကျောက်ဆည် ဇွန် ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များကို ယနေ့နံနက်ပိုင်းက အစိုးရ နည်းပညာအထက်တန်းကျောင်း၊  အခြေခံပညာ အထက်တန်းကျောင်းများဖြစ်သည့် အထက (၁)၊ အ.ထ.က (၂)၊ အ.ထ.က (၃)နှင့် ညောင်ရွေအ.ထ.ကကျောင်းများရှိ ကျောင်းသား/သူများအား  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်ဖြင့် တိုက်ဖျက်ဆောင်းပါးများ၊ မူးယစ်ဆေးဝါး တို့ရှောင်ရှားကဗျာ၊ ကျောင်းသားလူငယ် များသိရှိလိုက်နာ သင့်သည့်အချက်များ၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒများ၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်အန္တရာယ် ပြည့်ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းဆက် ဆောင်ပုဒ်များ စသည့်တို့ ဖော်ပြပါရှိပြီး သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရန် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးနှင့် ဝန်ထမ်းများက လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တင်တင်ထွေး