ဟိုပန် ဇူလိုင် ၁၂
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီကာလ အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းစေရန်အတွက် မြို့နယ်အုပ်ချုပ် ရေးမှူး ဦးရဲဝင်းထိုက် ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့က သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများ ကို ယမန်နေ့နံနက်(၁၀)နာရီက ရုံးကုန်းရပ်ကွက်ရှိ ဌာနဆိုင်ရာရုံးများနှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်နေရာများ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ဟိုပန်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းနိုင်ရေး ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများကို ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် ဦးတည်ဆောင်ရွက်မည့်နေရာများအဖြစ် အစိုးရနှင့် ပုဂ္ဂလိကရုံးဌာနများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ ဈေးများ၊ သာသနာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများ၊ ရပ်ကွက်ကျေးရွာ နေအိမ်များနှင့်လမ်း ပတ်ဝန်းကျင်နေရာများအား မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများပါဝင်သည့် ကူညီကြီးကြပ်ရေးအဖွဲ့များက ဇူလိုင်လ(၁၅)ရက်နေ့အထိ ဝိုင်းဝန်းပူးပေါင်းကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)