လောင်းလုံး ဇူလှိုင် ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် သွေးလွန်တုတ်ကွေးရောဂါ မဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရှိရာယနေ့နံနက် ၈ နာရီအချိန်မှစတင်၍ လောင်းလုံးမြို့ရှိ ဌာနဆိုင်ရာရုံးများ၌ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာတွင် လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်လွင်နှင့် ဝန်ထမ်းများ၊ ကျန်းမာရေး အဖွဲ့များနှင့် ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးအဖွဲ့များ၊ အမျိုးသမီးရေးရာ အဖွဲ့များတို့ ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရုံးတွင်းရုံးပြင်များအတွင်း ခြင်ဆေးမှုတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းနှင့်ရေကန်များအတွင်း အဘိတ်၊ (Abate)ဆေးခတ်ခြင်း၊ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ၍ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားမှုလျော့ကျစေရေးအတွက် ကြိုတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သိန်းသိန်း