နတ်မောက် ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင် ၁၁ ရက်နေ့ ညနေ ၃နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးထာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်က အဖွင့်အမှာစကားပြောကြားရာတွင် သွင်းကုန်အစားတိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများဆောင်ရွက် ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ ထုတ်ချေးပေးခြင်းဖြစ်ပါကြောင်းနှင့် ချေးငွေဆိုင်ရာ ချုပ်ဆိုရမည့်လုပ်ထုံးလုပ်နည်း များ၏ အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌက (MSME) ကဏ္ဍဆောင်ရွက်မည့် လုပ်ငန်းရှင် (၂) ဦးအား တစ်ဦးလျှင် ကျပ်သန်း (၇၀) အား မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီဝင်များနှင့် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များရှေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ပြီး နှစ်ဦးနှစ်ဖက်သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ကြကြောင်း သိရသည်။
လှဝင်း
မြို့နယ် (ပြန်/ဆက်)