သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်

သာပေါင်း ဇူလိုင် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယ‌မန်နေ့ နံနက် ၉ နာရီအချိန်က ကျေးလက် ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

လုပ်ငန်းစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန၊ လက်‌ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်နွယ်မှ ရွေးချယ်ခံကျေးရွာများသည် လိုလားစွာ တင်ပြ တောင်းခံလာပြီး စည်းလုံးညီညွတ်၍ တတ်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများအား တန်ဖိုးထားအကျိုးရှိစွာ အသုံးပြုသည့် ကျေးရွာများကို စီစစ်ရွေးချယ်ခဲ့ ခြင်းဖြစ်ကြောင်းဖြင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း ရွေးချယ်ခံကျေးရွာအုပ်စု (၁၀)မှ ကျေးရွာ(၁၀)ရွာ၊ တစ်ရွာသိန်း (၁၅၀)စီဖြင့်၊ မြစိမ်းရောင် ကျေးရွာ စီမံကိန်း(၁)ရွာအတွက် လည်ပတ်ရန်ပုံငွေသိန်း(၃၀၀)တို့ကို ကျေးရွာကော်မတီဝင်များ လက်ရောက်လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်