ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက စိုက်ပျိုးဆိုင်ရာ အသိပညာပေး လုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ငပုတော ဇူလိုင် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးသန်းဦး၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းအောင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးထွန်းမျိုးသန့်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက ကျောက်တန်းအုပ်စု၊ ရေတွင်းကုန်းကျေးရွာ အသင်းတော်ခန်းမဆောင်သို့ ကွင်းဆင်းသွားရောက်၍ ကျောက်တန်း၊ အရိုးဒါး၊ ရွှေတောင်အုပ်စုတို့မှ စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ တောင်သူများနှင့် တွေ့ဆုံ ခဲ့သည်။

ထို့သို့ တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးသန်းဦးက မူးယစ်းဆေးဝါးသုံးစွဲမှု မရှိစေရေးနှင့် မှုခင်ကျဆင်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ဟောပြောခဲ့ပြီး မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းမျိုးသန့်က မိုးတစ်ဧက (၁၀) တင်းတိုးထွက်ရေးအတွက် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲ စိုက်ပျိုးနိုင်ရေး၊ အထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရေး၊ ဓာတ်မြေသြဇာများ စနစ်တကျ သုံးစွဲရေးအတွက် ပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းအောင်က သဘာဝဘေးကြိုတင်ကာကွယ်ရေးကိစ္စများ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)