မူဆယ်မြို့၊ မိုင်းယု(၁၀၅)မိုင် ကြက်ခြေနီအသင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကျင်းပ

မူဆယ် ဇူလိုင် ၂၀

ယနေ့ ဇူလိုင်လ(၁၉)ရက်နေ့သည် မြန်မာ့လွတ်လပ်ရေးဗိသုကာ၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ကျဆုံးခဲ့သော (၇၆)နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊  မိုင်းယု(၁၀၅)မိုင် ကြက်ခြေနီအသင်း၌ နိုင်ငံတော်အလံရှေ့တွင် ယမန်နေ့ နံနက်(၉း၃၀)အချိန်က ဦးညွှတ် အလေးပြုခဲ့ကြပါသည်။

ရှေးဦးစွာ နိုင်ငံတော်အလံရှေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံလွှာနှင့် အာဇာနည်ခေါင်းဆောင်ကြီး များအား ဝမ်းနည်းခြင်းအထိမ်းအမှတ် လွမ်းသူ့ပန်းခွေချ၍ ကြေကွဲလွမ်းဆွတ်မှုအနေဖြင့် ဂုဏ်ပြုခဲ့ ကြပါသည်။ ဆက်လက်ပြီး ဇူလိုင်လ(၁၉)ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် (၁၀:၃၇) အချိန်တွင် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ဝမ်းနည်း ခြင်းအထိမ်းအမှတ်အနေဖြင့် (၂)မိနစ်ခန့် ငြိမ်သက်လျက် နိုင်ငံတော်အလံအား တိုင်ဝက်လွှင့်ထူ၍ ဦးညွှတ်ဂါဝရပြု ခဲ့ကြပါသည်။

ထို့အပြင် မူဆယ်မြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ဌာနဆိုင်ရာရုံးများနှင့်အခြေခံပညာရေးကျောင်းများတွင် နိုင်ငံတော်အလံကို တိုင်ဝက်လွှင့်ထူ အလေးပြုခဲ့ကြချိန် မီးသတ်ဌာနများကလည်း နံနက်(၁၀:၃၇)အချိန်နှင့် တပြေးညီ ကြေကွဲလွမ်းဆွတ် ဖွယ် ဥဩဆွဲခဲ့ကာ လမ်းမများပေါ် သွားလာလှုပ်ရှားနေကြသော ပြည်သူလူထုနှင့်တကွ မော်တော် ယာဉ်များလည်း (၂)မိနစ်ခန့် ရပ်တန့်ငြိမ်သက်လျက် နိုင်ငံ့အာဇာနည်ခေါင်းဆောင်ကြီးများကို ဦးညွှတ်အလေးပြုခဲ့ကြကြောင်း သိရသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)