စာဖတ်​ခြင်းအကျိုးကျေးဇူးဟော​ပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲပြုလုပ်

အမရပူရ ဇူလိုင် ၂၀

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာန လူထုအ​ခြေပြု Community Centre ခန်းမ၌စာဖတ်ခြင်း အကျိုးကျေးဇူးဟောပြောခြင်း​၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲကို  ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ဦးစီးအရာရှိ ဒေါ်တင်တင်လှက ရှင်းလင်းပြောကြးပြီး စာဖတ်ခြင်းအကျိုးကျေးဇူးများကို စာကြည့်တိုက်တာဝန်ခံ ဒေါ်သန္တာထွန်းက ဟောပြောပေးခဲ့သည်။ ယင်းနောက် နံရံကပ်စာစောင်များတွင် ကျန်းမာရေးအသိပညာပေးများ၊ မိုးရာသီမုန်တိုင်းအသိပညာပေး ဓာတ်ပုံများကိုပြသခဲ့သည်။ဆက်လက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတရရှိရန် ပြတိုက်ငယ်အတွင်း စာအုပ်စာစောင်များပြသပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)