မုံရွာ အ.ထ.က-၃ တွင် လူငယ်စကားဝိုင်းကျင်းပ
Jul 20,2023
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်များ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။