ကျောက်ဆည်မြို့နယ်တွင် ကီလိုမာလကာ စိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရ
Jul 20,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် ဆန်၊ စပါးနှင့် ယာသီးနှံများဖြစ်သည့် ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံအမျိုးမျိုးနှင့် ငရုပ်၊ ဝါ၊ ပြောင်း စသည့်သီးနှံများ အဓိကထားစိုက်ပျိုးကြပြီး တောင်သူအချို့သည် မိသားစုအပိုဝင်ငွေရရှိရေး သီးပင်စားပင်များ စိုက်ပျိုးလျက်ရှိရာ ကျားကာ ကျေးရွာအုပ်စု၊ ကုလကျေးရွာတွင် ကီလိုမာလကာ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ရရှိပြီး စားဝတ်နေရေး ဆင်ပြေလျက်ရှိကြောင်း သိရှိသည်။