ဆိပ်ဖြူ ဇူလိုင် ၂၀
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် တပ်ရင်းတပ်ဖွဲ့အသီးသီးနှင့် ဌာနဆိုင်ရာရုံးများ၌ ဇူလိုင်လ (၁၉) ရက်နေ့ (၇၆)နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် နိုင်ငံတော်အလံတိုင်တဝက်လွှင့်ထူခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နေ့ကြီးနေ့မြတ်များရှိသည့်အနက် ဇူလိုင်လ (၁၉) ရက်နေ့သည် ပြည်ထောင်စုဖွားတိုင်းရင်းသားညီအကိုမောင်နှမများ၏ ဝမ်းနည်းကြေကွဲဖွယ် နိုင်ငံတော်လွတ်လပ်ရေးအတွက် သက်စွန့်ကြိုးပမ်းစွမ်းဆောင်ခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများသည် နယ်ချဲ့လက်ပါးစေ မသမာသူများ၏ လုပ်ကြံမှုကြောင့် အသက်ပေးခဲ့ကြရသည့် ဇူလိုင်လ (၁၉) ရက်နေ့ကို အောင်းမေ့သတိရ လွမ်းဆွတ်ခြင်း အထိမ်းအမှတ်အနေဖြင့် အာဇာနည်နေ့အဖြစ် ကျင်းပဆောင်ရွက်ခဲ့ကြသည်။
ဆိပ်ဖြူမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အနေဖြင့် အခြေခံပညာ ကျောင်းများရှိ ကျောင်သား/ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များ နိုင်ငံတော် လွတ်လပ်ရေးအတွက် သက်စွန့်ကြိုးပမ်းစွမ်းဆောင်ခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ အတုယူလေးစားဖွယ် ဆောင်ရွက်ချက်များနှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများ အကြိုဟောပြောပွဲများနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အာဇာနည်နေ့အသိပညာပေး TALK SHOW အစီအစဉ်များ ဆောင်ရွက်ခဲ့ကြပြီး ဇူလိုင်လ (၁၉) ရက်နေ့ (၇၆)နှစ်မြောက် အာဇာနည်နေ့တွင် တပ်ရင်းတပ်ဖွဲ့ အသီးသီးနှင့် ဌာနဆိုင်ရာရုံးများ၌ အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် နိုင်ငံတော် အလံတိုင်တဝက်လွှင့်ထူခြင်းဆောင်ရွက်ကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)