ပန်းတနော်မြို့၌ ပြည်သူများ လုံခြုံမှုရှိစေရေး မော်တော်ယာဉ်များ စစ်ဆေးခြင်းဆောင်ရွက်

ပန်းတနော် ဇူလိုင် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေး တာဝန်ရှိသူများမှ မော်တော်ယာဥ်နှင့် ဆိုင်ကယ်များ စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်း က ပန်းတနော်မြို့အဝင်ထိပ် ရန်ကုန်-ပုသိမ်ကားလမ်းမတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ပြည်သူ များ ဘေးကင်းလုံခြုံမှုရှိစေရေး၊ တရားဥပဒေစိုးမိုးရေး၊ အေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် ယာဥ်အန္တရာယ် ကင်းရှင်းစေရေးတို့အတွက် မြို့အဝင်ထိပ် ရန်ကုန်- ပုသိမ်ကားလမ်းမကြီးတွင် မောင်းနှင်နေသော မော်တော်ယာဥ်နှင့် ဆိုင်ကယ်မောင်းနှင်လာသူများအား ယာဉ်လိုင်စင်၊ လူလိုင်စင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပါ/မပါ စစ်ဆေးခြင်း၊ အန္တရာယ်ဖြစ်စေနိုင်သော လက်နက် ပစ္စည်းကရိယာများ သယ်ဆောင်လာခြင်း ရှိ/ မရှိစစ်ဆေးခြင်းနှင့်  ယဉ်မောင်းသူများ လိုက်နာရန်အချက်များအား အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ဆက်)