ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မနောသုခခန်းမ၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ဝါးခယ်မ ဇူလိုင် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မနောသုခခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ဝါဆိုသင်္ဃန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဝါဆိုသင်္ဃန်းဆက်ကပ်လှူဒါန်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ တက်ရောက်၍ "နမောတဿ" သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနား စတင်ဖွင့်လှစ်ခြင်း၊ မြို့နယ်သံဃနာယက ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်ကြီးများမှ ပရိတ် တရားတော်များချီးမြှင့်ခြင်း၊ ဝါဆို သင်္ဃန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ‌ရွာလယ်ကျောင်းသစ် ဆရာတော်ကြီးထံမှ ရေစက်ချ အနုမောဒနာတရားနာယူကြည်ညိုခြင်းနှင့် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)