ဗန်းမော်ခရိုင်Community Centre ခန်းမ၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု အန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

ဗန်းမော် ဇူလိုင် ၂၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဗန်းမော်ခရိုင်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ဇူလိုင် ၂၁ ရက် နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေး Talk Show တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သဲစုမိုးက နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်ဆိုင်ရာများ နှင့်ပတ်သက်၍ Talk Show ဆောင်ရွက်ရသည့်ရည်ရွယ်ချက်များ၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့၏ အဓိပ္ပာယ်၊ မီးခိုးမြူငွေ့၏အဓိပ္ပာယ်၊ မြန်မာနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့များဖြစ်ပေါ် ရသည့်အကြောင်းအရင်းများ၊ ၂၀၂၃ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်း နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုအန္တရာယ်ဖြစ်ပေါ်ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့်ဒေသများ၊ မဲခေါင်ဒေသခွဲနိုင်ငံများတွင်ဖြစ်ပေါ် လျက်ရှိသည့် မီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှုများကို ဖြေရှင်းဆောင်ရွက်နေမှုအခြေအနေ များ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုကိုဖြေရှင်းဆောင်ရွက်နေမှုအခြေအနေများ၊သယံဇာတနှင့်သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်နေမှုအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ရာ ဗန်းမော်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအံ့မော်ဦးက နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုအန္တရာယ်ဆိုင်ရာများကို အကျယ်တဝင့် ဆွေးနွေးဖြေကြားခဲ့ပြီး အဆိုပါနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာများကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Fire Hotspots Counts အား ဒေသတွင်းလျှော့နည်းသွားစေရန်၊ တဖက်နိုင်ငံမှ အင်အားကြီးမားသည့် နယ်စပ်ဖြတ်ကျော် တောမီးလောင်ကျွမ်းမှုမှ ထွက်ပေါ်လာသော မီးခိုးမြူငွေ့များအား တားဆီးနိုင်ရန်နှင့် ကြိုတင် ကာကွယ်နိုင်ရန်အတွက် လူတို့၏ကျန်းမာရေး၊ စီးပွားရေး၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၊ သဘာဝ ပတ်ဝန်းကျင်နှင့်ဂေဟစနစ်များ ယိုယွင်းပျက်စီးမှုမရှိစေရေး၊ သစ်တောများဆုံးရှုံးပျက်စီးခြင်းမှ ကာကွယ်ရန် ဆက်စပ်ဌာနများနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းပူးပေါင်း၍ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)