သဲကုန်း ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃ - ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စပါးမျိုးကောင်း၊ မျိုးသန့်တိုးပွားစေရန်နှင့် တစ်ဧကအထွက်နှုန်းတိုးပွားစေရန်ရည်ရွယ်၍ ယခုနှစ်မိုးရာသီတွင် မိုးစပါးစိုက်ဧက (၈၂၆၁၀) ဧကစိုက်ပျိုးသွားရန်လျာထားကြောင်းသိရသည်။
သဲကုန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးစပါးစိုက်ဧကများအား ကြဲခင်းများစိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့်စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် စနစ်တကျစိုက်ပျိုးခြင်းနည်းများဖြင့် ယမန်နေ့အထိ စိုက်ဧကပေါင်း(၇၉၈၅၁)ဧက စိုက်ပျိုးပြီးပြီးဖြစ်ရာ တောင်သူမျာအနေဖြင့် ရတနာတိုး၊ မှော်ဘီ-၂၊ အင်းမရဲဘော်၊ ရက်-၉၀၊ ကောက်ညှင်းစပါးမျိုးများအား အများဆုံးစိုက်ပျိုးထားကြောင်း သိရသည်။စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စပါးအထွက်နှုန်းတိုးတက်မြင့်မားစေရန်တောင်သူများအား နည်းပညာပေးခြင်း၊ မြေဩဇာများကိုတောင်သူများလက်ဝယ်သို့ဖြန့်ဖြူးပေးခြင်း၊ လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုးထုတ်လုပ်မှုမြင့်မားတိုးတက်ရေး၊ အရည်အသွေးကောင်းမွန်စေရေး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုကျော်(ပြန်/ဆက်)