ယင်းမာပင်မြို့တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာရောင်းချပေး

ယင်းမာပင် ဇူလိုင် ၂၁

ပြည်သူများ၏ နေ့စဉ်လူမှုဘဝစားသောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ခရိုင်/မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ စီစဉ်ဆောင်ရွက်မှုဖြင့် အခြေခံစားသောက်ကုန်များကို ပြည်သူများ ဈေးနှုန်းချိုသာစွာဝယ်ယူနိုင်ရေးတို့အတွက် ယင်းမာပင်မြို့၊ မြို့ပေါ်ရပ်ကွက်များတွင် ဇူလိုင်လ ၂၁ ရက်နေ့၊ နံနက် ၇ နာရီအချိန်က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းသန့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆန် ၄ ဗူး၊ ကြက်ဥ (၅) လုံး၊ ကုလားပဲ (၁) ဗူး စသည့် ပစ္စည်း (၃)မျိုးတို့အား ကျပ် ၃၀၀၀ နှုန်းဖြင့် ပြည်သူများဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေးအတွက် နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ခရိုင် (ပြန်/ဆက်)