သတင်းများ

သာယာဝတီမြို့နယ်တွင် လျှပ်စစ်ဓာတ်အားဖူလုံစွာရရှိရန် စပါးခွံလောင်စာသုံးလျှပ်စစ်ဓာတ်အားပေးစက်(Gasifier Power Plant)များ တပ်ဆင်သုံးစွဲဆောင်ရွက်နိုင်ရေးတွေ့ဆုံဆွေးနွေးပွဲကျင်းပ
Jul 21,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် လျှပ်စစ်ဓာတ်အားဖူလုံစွာရရှိရန် စပါးခွံလောင်စာသုံးလျှပ်စစ်ဓာတ်အားပေးစက် (Gasifier Power Plant)များ တပ်ဆင်သုံးစွဲဆောင်ရွက်နိုင်ရေးတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ဆရာစံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများ စတင်ထုတ်ပေး
Jul 21,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့နံနက် (၇) နာရီအချိန်ခန့်ကစတင်ပြီး ထုတ်ပေးလျက်ရှိသည်။
ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာ ၉ ရွာ၌ တစ်ရွာလျှင်ရန်ပုံ‌ ငွေကျပ်သိန်း ၁၅၀ စီဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်သွားမည်
Jul 21,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွါးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာများ၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသည့်
မြန်မာ့တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေး
Jul 21,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ခရိုင်တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူးနှင့် ဝန်ထမ်းများသည်၊ မြန်မာ့တိုင်းရင်းဆေးဖြင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးလျှက်ရှိရာ၊ ယမန်နေ့ မွန်းလွဲ(၁)နာရီမှ (၃)နာရီအထိ ကျောက်ပန်းတောင်းမြို့ ပြည်တော်သာရပ်ကွက်ရှိ သဒ္ဓမနန္ဒီ သီလရှင် ကျောင်းတိုက်တွင်  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သရက်ခရိုင် ပြည်သူ့ဆေးရုံ ကျောက်ကပ်ဆေးစက် ဝယ်ယူတပ်ဆင်နိုင်ရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 21,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ပြည်သူ့ဆေးရုံ ကျောက်ကပ်ဆေးစက် ဝယ်ယူတပ်ဆင်နိုင်ရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရွှေတောင်မြို့နယ်၌ အာဟာရဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေး ဟော‌ပြောခြင်းနှင့် နွားနို့တိုက်ကျွေးခြင်းများ ဆောင်ရွက်
Jul 21,2023
ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများအား အာဟာရဖွံ့ဖြိုးတိုးတက်‌စေရန်အတွက် အသိပညာပေး  ဟောပြောခြင်းနှင့် နွားနို့တိုက်ကျွေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ အ.မ.က (မြောက်ပိုင်း) ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
စစ်တွေမြို့နယ်တွင် ဌာဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်
Jul 21,2023
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ် ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဂန့်ဂေါ်ကျွန်းကျေးရွာနှင့် ရွာသစ်ကေကျေးရွာများသို့ ကွင်းဆင်းကာ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံကြသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ
Jul 21,2023
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့ညနေပိုင်းတွင် ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။