ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာ ၉ ရွာ၌ တစ်ရွာလျှင်ရန်ပုံ‌ ငွေကျပ်သိန်း ၁၅၀ စီဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်သွားမည်

ပေါက်ခေါင်း ဇူလိုင် ၂၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွါးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာများ၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသည့် လမ်းပန်းဆက်သွယ်ရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိရေးနှင့် အခြားလိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင်  ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ရွေးချယ်ထားသည့် ကျေးရွာများဖြစ်သော ကန်စုကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ရွာရှည်ကျေးရွာ၊ ကတွတ်တောင်ကျေးရွာ၊ ဘွဲ့ပင်ကွင်းကျေးရွာ၊ အောင်မြင်ကုန်းကျေးရွာ၊ ဇီးတောကျေးရွာ၊ လှည်းကြပ်ကျေးရွာနှင့် ကျွဲတပေါင်းကျေးရွာ စသည့်ကျေးရွာ ၉ ရွာတို့ဖြစ်ပြီး၊အဆိုပါကျေးရွာလူထုကိုယ်တိုင် ရွေးချယ်ပေးသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၅၀ ကိုထောက်ပံ့ပေးမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ ဆက်)