နတ်မောက် ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့နံနက် (၇) နာရီအချိန်ခန့်ကစတင်ပြီး ထုတ်ပေးလျက်ရှိသည်။
အဆိုပါနိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ ပင်စင်ထုတ်ယူရာတွင် အဆင်ပြေစေရေးအတွက် ဇူလိုင်လ (၂၁) ရက်နေ့မှ (၃၁) ရက်နေ့အထိ နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စား များအား နေ့စဉ် နံနက် (၇)နာရီ မှ ညနေ (၃) နာရီအထိ ထုတ်ပေးသွားမည်ဖြစ်သည်။ ထို့ပြင် သတ်မှတ်ရက်များတွင် လာရောက် မထုတ်ယူနိုင်သော ပင်စင်စားများအား ဩဂုတ်လဆန်းပိုင်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း၌ လာရောက်ထုတ်ယူနိုင်ပြီး နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေး ဘဏ်တွင် ပင်စင်လာရောက် ထုတ်ယူသူ (၁၈၂၈)ဦး ခန့်ရှိကြောင်း သိရသည်။
လှဝင်း