စစ်တွေ ဇူလိုင် ၂၀
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ် ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဂန့်ဂေါ်ကျွန်းကျေးရွာနှင့် ရွာသစ်ကေကျေးရွာများသို့ ကွင်းဆင်းကာ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံကြသည်။
ဦးစွာ အဆိုပါပူးပေါင်းအဖွဲ့သည် ဂန့်ဂေါ်ကျွန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း(ဓမ္မာရုံ)၌ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးမောင်သိန်းဖြူက စစ်တွေမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်ခဲ့မှုဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဖြူးပေးနေမှု၊ မုန်တိုင်းဒဏ်ခံခဲ့ရသည့် တောင်သူများအတွက် အထွက်နှုန်းကောင်းသည့် မျိုးစပါးများအား ဖြန့်ဝေပေးနေမှုနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တွေ့ဆုံဆွေးနွေးရန်၊ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ ပစ္စည်းများပြည်သူများ လက်ဝယ်ရောက်ရှိခြင်းရှိ၊မရှိနှင့် လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန် မြေကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွင် ပါဝင်ကြသည့် ဌာနဆိုင်ရာများက မိမိတို့ဌာန အလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေး ပြောကြားကြပြီး ကျေးရွာသူ၊ ကျေးရွာသားများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးမောင်သိန်းဖြူက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ သည်။
ထို့နောက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့သည် ရွာသစ်ကေကျေးရွာသို့ သွားရောက်ကာ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)