ပုသိမ်မြို့နယ်၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲပြုလုပ်

ပုသိမ် ဇူလိုင် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ဘုရားကြီးကုန်းကျေးရွာရှိ တောင်သူ ဦးမိုးနိုင်ဝင်း (Boffo Myanmar Co.Ltd) ၏ လယ်မြေတွင် ပြုလုပ်ခဲ့သည်။

ဘုရားကြီးကုန်းကျေးရွာ၊ ဘုရားကြီးကုန်းကွင်း၊ ကွင်းအမှတ်(၁/၅)၊ ဦးပိုင်အမှတ်(၅၅)ရှိ တောင်သူ ဦးမိုးနိုင်ဝင်း (Boffo Myanmar Co.Ltd) ၏ လယ်မြေ(၃)ဧက တွင် စက်မှူလယ်ယာဦးစီးဌာန၊ အမှတ် (၅၁) စက်မှုလယ်ယာစခန်း(ပုသိမ်မြို့)မှ (၆)တန်းသွားကူဘိုတာ ကောက်စိုက်စက်(၂)စီးဖြင့် မိုးစပါး စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲသို့ ခရိုင်စိုက်တိုးမြှင့်အဖွဲ့နှင့် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင် ဌာနဆိုင်ရာ များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် တောင်သူများက သိရှိလိုသည်များကို မေးမြန်းရာ စက်မှု လယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူး ဦးကျော်ခင်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

မြင့်ဟန် (ပြန်/ဆက်)