သတင်းများ

ရွှေတောင်မြို့နယ်၌ အာဟာရဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေး ဟော‌ပြောခြင်းနှင့် နွားနို့တိုက်ကျွေးခြင်းများ ဆောင်ရွက်
Jul 21,2023
ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများအား အာဟာရဖွံ့ဖြိုးတိုးတက်‌စေရန်အတွက် အသိပညာပေး  ဟောပြောခြင်းနှင့် နွားနို့တိုက်ကျွေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ အ.မ.က (မြောက်ပိုင်း) ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
စစ်တွေမြို့နယ်တွင် ဌာဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်
Jul 21,2023
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ် ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဂန့်ဂေါ်ကျွန်းကျေးရွာနှင့် ရွာသစ်ကေကျေးရွာများသို့ ကွင်းဆင်းကာ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံကြသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ
Jul 21,2023
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့ညနေပိုင်းတွင် ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ရုံးခန်း၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်
Jul 21,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ရုံးခန်းတွင်  ကျောင်းသား/သူ လူငယ်လေးများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့၊ စိတ္တသုခ ဘုန်းတော်ကြီးကျောင်းတွင် နယ်လှည့်ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်
Jul 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ စိတ္တသုခဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက လားရှိုးပြည်သူ့ဆေးရုံနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁၀) စစ်မြေပြင်ဆေးတပ်ရင်းတို့မှ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
မအီမြို့ ဆံထုံးကျေးရွာ၌ ငှက်ဖျားရောဂါ ကင်းစင်ပပျောက်ရေး ကွင်းဆင်းဆောင်ရွက်  
Jul 21,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့နယ်တွင် တောတောင်များကို အမှီပြုနေထိုင်ကြသည့် လက်ပံကျေးရွာအုပ်စု၊ ဆံထုံးကျေးရွာ ကျေးလက်နေပြည်သူများအား ငှက်ဖျားရောဂါ ကင်းစင်ပပျောက်ရေးအတွက် ငှက်ဖျားသွေးဖောက်စစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းတို့ကို ယနေ့နံနက်ပိုင်းက မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ တောင်ကုတ်မြို့နယ်အခြေစိုက် ငှက်ဖျားကင်းစင်ပပျောက်ရေးအဖွဲ့(URC)၊ မြို့နယ် ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် Book Club၊ Women Club ၊Youth Club အဖွဲ့တို့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်
Jul 21,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၊အမျိုးသမီးအသင်း (Women Club)၊ ဝါသနာတူလူငယ်များအသင်း (Youth Club)တို့ပူးပေါင်း၍ စာရေးဆရာ ခင်စောတင့်ရေးသားသည့် "စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ" စာအုပ်ဖြင့် ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
လားရှိုးမြို့မဈေးကြီးအတွင်းရှိ ကုန်စိမ်းဈေးတွင် ဂါလံတစ်သောင်းဆံ့ မီးသတ်မြေအောက်ရေလှောင်ကန် တည်ဆောက်
Jul 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့မဈေးကြီးအတွင်းရှိ ကုန်စိမ်းဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဂါလံတစ်သောင်းဆံ့ မီးသတ်မြေအောက်ရေလှောင်ကန် တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။