သတင်းများ

ပွင့်ဖြူမြို့နယ်၌ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၃၃၈ ဒသ ၄၈ သန်း ထုတ်ချေးပေး
Jul 21,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမလုပ်ငန်းကဏ္ဍနှင့် အသေးစား၊ အလတ်စား၊ အကြီးစားစက်မှုကဏ္ဍ လုပ်ငန်းများ အတွက် ရန်ပုံငွေကျပ် ၃၃၈ ဒသမ ၄၈ သန်း ထုတ်ချေးပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တိုက်ကြီးခရိုင်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်
Jul 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်အတွင်းရှိ တိုက်ကြီး၊ ဉက္ကံနှင့် အဖျောက်မြို့များရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်  တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ကြောင်းသိရသည်။
သံတွဲမြို့၌ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 21,2023
ကျောင်းသား၊ ကျောင်းသူများ ကျောင်းဝန်းပြင်ပ လှုပ်ရှားသွားလာရာတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများနှင့်အညီ ဖြတ်ကူးသွားလာရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ (၁) နာရီအချိန်က အ.ထ.(ခွဲ)မြို့မကျောင်း ပန်းသဇင်ခန်းမဆောင်၌ ကျင်းပသည်။
ကော့မှူး၌ မြန်မာစာစွမ်းရည်ပြိုင်ပွဲနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပ
Jul 21,2023
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက်က မြန်မာစာစွမ်းရည်ပြိုင်ပွဲနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများကျင်းပခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Jul 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းက စတင်၍ ပင်စင်စားများ၏ လက်ဝယ်အရောက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး
Jul 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်က မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်းများကို ယနေ့နံနက် ၉ နာရီ က ပင်စင်လစာငွေများ စနစ်တကျ ထုတ်ပေးလျက်ရှိရာ စိတ်အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် FS-RS  နွေစပါး ရတနာတိုး မျိုးစေ့ထုတ် စံကွက်ရိတ်သိမ်း
Jul 21,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကွင်းအမှတ်(၈၃၆)ရှိ  တောင်သူဦးအောင်ကျော် စိုက်ပျိုးထားသော FS-RS နွေစပါး ရတနာတိုး မျိုးစေ့ထုတ် (၅)ဧက စံကွက်ရိတ်သိမ်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။
မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားပင်စင်လစာငွေများ စတင်ထုတ်ပေး
Jul 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများကို လစဥ် ၂၁ ရက်နေ့နှင့် နောက်ပိုင်း ရုံးဖွင့်ရက်များ၌ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲအချိန်တွင်လည်း ၂၀၂၃ ခုနှစ် ဇူလိုင်လအတွက် အငြိမ်းစားပင်စင်ငွေများ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။