မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် Book Club၊ Women Club ၊Youth Club အဖွဲ့တို့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

မိုးညို ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၊အမျိုးသမီးအသင်း (Women Club)၊ ဝါသနာတူလူငယ်များအသင်း (Youth Club)တို့ပူးပေါင်း၍ စာရေးဆရာ ခင်စောတင့်ရေးသားသည့် "စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ" စာအုပ်ဖြင့် ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မိုးညိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာလင်းက လူငယ်လူရွယ်များ စာကြည့်တိုက်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတများစွာရရှိသည့် စာအုပ်စာပေများကိုသာဖတ်ရှု့ကြစေရန်၊ မိမိတို့ဖတ်ရှု့ထားသည့် စာအုပ်များထဲမှအသိဗဟုသုတများကို အခြားသူများသို့တစ်ဆင့် မျှဝေဆွေးနွေးတတ်စေရန် စာဖတ်ဝိုင်းများပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် စာပေချစ်သူများအသင်း Book Club အဖွဲ့ဝင် ဦးမြင့်စိန်က "စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ" စာအုပ်မှ "ရှင်သန်တိုးပွားချစ်ခြင်းတရား" ခေါင်းစဉ်ပါ အကြောင်းအရာများအား ဖတ်ကြားပြီး ဖတ်ကြားခဲ့သည့် အကြောင်းအရာများကို Women Club အဖွဲ့ဝင် ဒေါ်ခင်နွဲ့ရီက ပြန်လည်ဆွေးနွေးသည်။ ဆက်လက်၍ Youth Club ဥက္ကဋ္ဌ ဦးဖြိုး‌ဝေဦးက "စွန့်စားမှုဆီသို့ခြေတစ်လှမ်း" ခေါင်းစဉ်ဖြင့် ဖတ်ကြားဆွေးနွေးခဲ့ရာ Youth Club အဖွဲ့ဝင် မောင်ပြည့်ဖြိုးထွန်းနှင့် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် အဖွဲ့ဝင်များက  ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။ အဆိုပါစာအုပ်သည် လူငယ်လူရွယ်များအတွက် ဖတ်ရှု့သင့်သည့် စာအုပ်‌ကောင်းတစ်အုပ်ဖြစ်ကြောင်း သိရသည်။

ကိုမင်း (ပြန်/ ဆက်)