မြန်မာ့တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေး
Jul 21,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ခရိုင်တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူးနှင့် ဝန်ထမ်းများသည်၊ မြန်မာ့တိုင်းရင်းဆေးဖြင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးလျှက်ရှိရာ၊ ယမန်နေ့ မွန်းလွဲ(၁)နာရီမှ (၃)နာရီအထိ ကျောက်ပန်းတောင်းမြို့ ပြည်တော်သာရပ်ကွက်ရှိ သဒ္ဓမနန္ဒီ သီလရှင် ကျောင်းတိုက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။