မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားပင်စင်လစာငွေများ စတင်ထုတ်ပေး

မိုးနဲ ဇူလိုင် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများကို လစဥ် ၂၁ ရက်နေ့နှင့် နောက်ပိုင်း ရုံးဖွင့်ရက်များ၌ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲအချိန်တွင်လည်း ၂၀၂၃ ခုနှစ် ဇူလိုင်လအတွက် အငြိမ်းစားပင်စင်ငွေများ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။   

အငြိမ်းစားပင်စင်လစာငွေများ ထုတ်ပေးရာတွင် အေးချမ်းစွာထုတ်ယူနိုင်ရေးအတွက် ဘဏ်မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေး လျက်ရှိရာ လစဥ် နိုင်ငံ့ဝန်ထမ်းလစာငွေများမပေးမီ ၂၁ ရက်နေ့နှင့်နောက်ပိုင်း ထုတ်ပေးလျက်ရှိပြီး လာရောက်ထုတ်ယူသူ အငြိမ်းစားများအနေဖြင့် ထုတ်ယူခွင့်ကတ်ပြားများကို ယူဆောင်လာကြရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပင်စင်လစာငွေများကို မိုးနဲမြို့နယ် အနေဖြင့် (၄) မျိုးခွဲ၍ ထုတ်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးပင်စင်စားများမှအပ ကျန် (၃) မျိုးမှလာရောက်ထုတ်ယူသွားမည်ဖြစ်ကြောင်းနှင့် အငြိမ်းစားပင်စင်ထုတ်ယူသူ စုစုပေါင်း (၃၄၅)ဦး ရှိကြောင်း ဘဏ်တာဝန်ရှိသူထံမှ သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)