မောက်မယ် ဇူလိုင် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်က မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်းများကို ယနေ့နံနက် ၉ နာရီ က ပင်စင်လစာငွေများ စနစ်တကျ ထုတ်ပေးလျက်ရှိရာ စိတ်အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
မောက်မယ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် တစ်မြို့နယ်လုံးပင်စင် အငြိမ်းစားဝန်ထမ်း (၁၀၀) ဦးကျော်ရှိပြီး ပင်စင်အငြိမ်းစားဝန်ထမ်းများ အဆင်ပြေ ချောမွေ့စွာ လာရောက်ထုတ်ယူနိုင်ရေးအတွက် ပင်စင်လစာငွေများထုတ်ပေးရာတွင် လစဉ်လတိုင်း နိုင်ငံ့ဝန်ထမ်းများလစာ ထုတ်ရက်မတိုင်မီ (၂၁) ရက်နေ့မှ စတင်၍ ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်များတွင် နေ့စဉ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဘဏ်ဝန်ထမ်းတစ်ဦးက ပြောကြားကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)