ကော့မှူး ဇူလိုင် ၂၁
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက်က မြန်မာစာစွမ်းရည်ပြိုင်ပွဲနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ ကျောင်းသူများ မြန်မာစာအသုံးအနှုန်းမှန်ကန်စေရန်နှင့် အင်္ဂလိပ်စာစွမ်း ရည်မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများအား အစဉ်အမြဲကျင်းပပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင် ဒေါ်တင်သန်းတို့ကပြိုင်ပွဲစည်း ကမ်းများအားရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ(၁၆)ဦး ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား/ ကျောင်းသူများကို မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ ကဆုများပေးအပ်ခဲ့ကြကြောင်း သိရသည်။ ထို့နောက်ကျောင်းသား/ ကျောင်း သူများအား မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်များ ၊ သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ် ရေးအသိပညာပေးနံရံကပ်စာစောင်များ၊ လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေး အသိပညာပေး နံရံကပ် စာစောင်များပြသထားရာ ကျောင်းသား/ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရူနေကြကြောင်း သိရသည်။
ကျော်သူရ (ပြန်/ ဆက်)