ရွှေသောင်ယံမြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပ

ရွှေသောင်ယံ ဇူလိုင် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယမန်နေ့ညနေ(၃)နာရီအချိန်က ဇူလိုင်လ(၁၉)ရက် ယနေ့တွင်ကျရောက်သည့် အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများကို ကျင်းပပြုလုပ်သည်။

ထိုသို့ အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများပြုလုပ်ရာတွင် ရွှေသောင်ယံမြို့ အ-မ-က(၁၈၃) ကျောက်တလုံးကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများမှ မြန်မာစာစွမ်းရည်ပြိုင်ပွဲများပြုလုပ်ခြင်း၊ ကဗျာရွတ်ပြိုင်ပွဲများပြုလုပ်ခြင်း၊ ပြန်/ဆက်ဦးစီးမှူးမှ ကျောင်းသား၊ ကျောင်းသူများအား အာဇာနည်နေ့နှင့်ပတ်သက်သည့်အကြောင်းအရာများအားဟောပြောခြင်းဖြင့် အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ကြသည်။

အဆိုပါ (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများပြုလုပ်ရာသို့ အ-မ-က(၁၈၃) ကျောက်တလုံးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများနှင့် ရွှေသောင်ယံမြို့ ပြန်/ဆက်ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ရွှေသောင်ယံ(ပြန်/ဆက်)