သတင်းများ

လားရှိုးမြို့၊ ရက္ခဝတီတောရကျောင်းတွင် နယ်လှည့်ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်
Jul 26,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရက္ခဝတီတောရကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက လားရှိုး ပြည်သူ့ဆေးရုံနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁၀)စစ်မြေပြင်ဆေးတပ်ရင်းတို့မှ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများ ပါဝင်သော ပူးပေါင်း အဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
လားရှိုးတက္ကသိုလ် ကြက်ခြေနီအသင်းမှ ကျောင်းသား၊ကျောင်းသူများ  (၉)ကြိမ်မြောက် သွေးလှူဒါန်း
Jul 26,2023
လားရှိုးတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကြက်ခြေနီအသင်းဝင် ကျောင်းသား၊ကျောင်းသူများ၏ စုပေါင်းသွေးလှူဒါန်းခြင်း ယမန်နေ့ နံနက် ၉ နာရီအချိန်က လားရှိုးခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် ကျင်းပပြုလုပ်သည်။
ကျောက်တလုံးကြီးမြို့ နောင်ပစ်ကျေးရွာအုပ်စုတွင် ပန်းခင်း(၂)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်
Jul 26,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ နောင်ပစ်ကျေးရွာ အုပ်စု၊ ဝင်းယကျေးရွာတွင် “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်း(၂) စီမံ ချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နေ့လယ်ပိုင်း မှစ၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်၌ လုပ်ငန်းရှင်များအား အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ သိ​​​ကောင်းစရာများ ရှင်းလင်းဆွေးနွေး
Jul 26,2023
စီမံကိန်းနှင့် ဘဏ္ဍာ​ရေး၀န်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာ ​ဆောင်ရွက်ရမည့် အခွန်များ၊ လုပ်ငန်းရှင်များ၏ တာ၀န်များ၊ အခွန်အမှတ်တံဆိပ် ထုတ်ယူခြင်းများ ပျက်ကွက်မှုအတွက် ပြစ်ဒဏ်များကို လုပ်ငန်းရှင်များသိရှိ​​စေရန်၊ လုပ်ငန်းရှင်များအား အခွန်အမှတ်တံဆိပ် ​ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးခြင်းကို  ဇူလိုင် (၂၆) ရက်၊ နံနက် (၁၁) နာရီက မန္တ​လေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနရုံးတွင် ​​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ ကောက်စိုက်စက် တွဲဖက်သုံး (၁၀) တန်းသွား မျိုးစေ့ချကိရိယာဖြင့် တောင်သူပညာပေး မိုးစပါးစိုက်ပျိုးသရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှုအားပေး
Jul 26,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီတွင် ဒေသတွင်းရှိ မိုးစပါး စိုက်ပျိုးတောင်သူများ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေး စိုက်ပျိုးနည်းစနစ် မှန်ကန်စွာစိုက်ပျိုးနိုင်စေရန်နှင့် သွင်းအားစုစိုက်ပျိုးစရိတ် ကုန်ကျမှုသက်သာစေရန် ရည်ရွယ်၍ ကောက်စိုက်စက် တွဲဖက်သုံး(၁၀)တန်းသွား မျိုးစေ့ချကိရိယာဖြင့် တောင်သူပညာပေး မိုးစပါးစိုက် ပျိုးသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ တောင်သူ ဦးကြည်ဝင်း၏ ကွင်းအမှတ် (၉၁၀)ရှိ မိုးစပါးစိုက်လယ်မြေ၌ကျင်းပပြုလုပ်ရာ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင် တက်ရောက်ကြည့်ရှုအားပေးကာ မိုးစပါးသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေနှင့် လူငယ်အသိပညာပေး ဟောပြောဆွေးနွေး
Jul 26,2023
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေနှင့် လူငယ်အသိပညာပေးဟောပြော ဆွေးနွေးပွဲကို ယမန်နေ့၊ နံနက်(၁၁)နာရီက ထူပါရုံ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ရှိ မြို့မဈေးကြီးတွင် တရုတ်နိုင်ငံဒေသထွက် ပန်းသီး၊ မက်မန်းသီး၊ မက်မွန်သီးများ ဈေးကောင်းလျက်ရှိ  
Jul 26,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ လားရှိုးမြို့ရှိ မြို့မဈေးကြီးအတွင်းတွင် တရုတ်နိုင်ငံဒေသထွက် မက်မန်း သီး၊ ပန်းသီး၊ မက်မွန်သီးအကြီးမျိုးများ ဈေးကောင်းရကာ ရောင်းကောင်းလျက်ရှိနေကြောင်း သိရသည်။
မက်မန်းမြို့နယ်တွင် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jul 26,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မိဘဆရာအသင်းနှစ် ပတ်လည်အစည်းအဝေးနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က၊ မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၊ အောင် ရတနာ ခန်းမတွင် ကျင်းပခဲ့သည်။