ကျောက်တလုံးကြီး ဇူလိုင် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ နောင်ပစ်ကျေးရွာ အုပ်စု၊ ဝင်းယကျေးရွာတွင် “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်း(၂) စီမံ ချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နေ့လယ်ပိုင်း မှစ၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်း(၂)စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ကျောက်တလုံးကြီးမြို့ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုလဝကမှူး ဦးအောင်မျိုးသူနှင့် ဝန်ထမ်းများက နောင်ပစ်ကျေးရွာအုပ်စု၊ ဝင်းယကျေးရွာရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ် ပြုလုပ်ပေးခြင်း၊ ပျက်စီး/ပျောက်ဆုံးသူများကို မိတ္တူပြုလုပ်ပေးခြင်းနှင့်လဲလှယ်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်း၌ မွေးတိုး/သေဆုံးစာရင်း ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်း တိုး/ လျော့/ပြောင်းဝင်/ပြောင်းထွက် လုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် နိုင် ၆(က) ကျား (၁၁)ဦး၊ မ(၆)ဦး စုစုပေါင်း (၁၇)ဦး၊ နိုင်၃(က) ကျား(၄၁)ဦး၊ မ(၂၄)ဦး စုစုပေါင်း (၆၅)ဦး၊ လဲလှယ် ကျား(၁၄)ဦး၊ မ(၁၂)ဦး စုစုပေါင်း (၂၆)ဦးအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန္တာ(ပြန်/ဆက်)