စစ်ကိုင်းမြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေနှင့် လူငယ်အသိပညာပေး ဟောပြောဆွေးနွေး

စစ်ကိုင်း ဇူလိုင် ၂၆

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေနှင့် လူငယ်အသိပညာပေးဟောပြော ဆွေးနွေးပွဲကို ယမန်နေ့၊ နံနက်(၁၁)နာရီက ထူပါရုံ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ကလေးဆိုသည်မှာ အဘယ်နည်း၊ ကလေးတွေကို ဘယ်သူတွေက ကာကွယ်ပေးမလဲ၊ သတင်းပေးပို့ အကြောင်းကြားရမည့် ကလေးသူငယ် ကာကွဘ်စောင့်ရှောက်ရေးဖြစ်ရပ်များ၊ ကလေးများအပေါ်မတရားပြုမူခြင်း၊ အကြမ်းဖက်ခြင်း၊ ကလေးအပေါ် လျစ်လျူရှုခြင်း၊ ကလေးအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းစသည့် ဥပဒေအကြောင်း အရာများဆွေးနွေးကာ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက စာဖတ်ခြင်းဖြင့် ရရှိလာသည့် အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆောင် ရန်/ရှောင်အချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပေးပြီး စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမား ပပျောက်ရေး နံရံကပ်စာစောင်များကို ကျောင်းသား/ ကျောင်းသူလေးများက ကြည့်ရှုလေ့လာခဲ့ကြသည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား/ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတများရရှိစေရန် အသိပညာပေး ဟောပြောပွဲများဆောင်ရွက် ခြင်း၊ ပြပွဲ/ ပြိုင်ပွဲများကျင်းပပေးခြင်းတို့ကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင်(ပြန်/ဆက်)