လားရှိုး ဇူလိုင် ၂၆
လားရှိုးတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကြက်ခြေနီအသင်းဝင် ကျောင်းသား၊ကျောင်းသူများ၏ စုပေါင်းသွေးလှူဒါန်းခြင်း ယမန်နေ့ နံနက် ၉ နာရီအချိန်က လားရှိုးခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် ကျင်းပပြုလုပ်သည်။
သွေးလှူဒါန်းခြင်းပြုလုပ်ရာသို့ လားရှိုးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာဌေးအောင်၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာဝင်းမော်ဦး၊ လားရှိုးတက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာဌေးလွင်၊ လားရှိုးတက္ကသိုလ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာဥမ္မာ ဟန်တို့က ကျောင်းသား၊ ကျောင်းသူများ၏ သွေးလှူဒါန်းမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး အဟာရဖြည့်စွက်စာနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့သည်။
သွေးလှူဒါန်းမှုတွင် လားရှိုးတက္ကသိုလ်မှ ဆရာမ(၇) ဦး၊ ကျောင်းသား(၃၆) ဦး ၊ကျောင်းသူ(၆၇)ဦး စုစုပေါင်း (၁၁၇)ဦး စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)