သတင်းများ

အပြည်ပြည်ဆိုင်ရာ ဒီရေတော ဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 26,2023
(၂၀၂၃) ခုနှစ် "အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့" အထိမ်းအမှတ်အဖြစ် သစ်ပင်သစ်တောများစိမ်းလန်း စိုပြေရေး၊ သစ်ပင်သစ်တောများမှ ရာသီဥတုအပူဒဏ်ကို ကာကွယ်ပေးနိုင်သည့်တန်ဖိုးကို နားလည်ချစ်မြတ်နိုးလာစေရန် ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်သစ်တောဦးစီးဌာန၊ ကျောင်းကုန်းဘိနယ်မှကြီးမှူး၍ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့ နယ်၊အမှတ်
တန့်ယန်းမြို့နယ်တွင် မိုးရာသီ(အမျိုးသား) ဘောလုံးပြိုင်ပွဲ ဇူလိုင်လ ၂၆ ရက်နေ့၌ စတင်ကျင်းပမည်
Jul 26,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ထူးချွန်ထက်မြက်သော လူငယ်အားကစားသမား ကောင်းများပေါ်ထွန်းလာစေရန်နှင့် ဘောလုံးအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန် အတွက်ရည်ရွယ်ကာ  ၂၀၂၃-ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မိုးရာသီ (အမျိုးသား) ဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၂၆ ရက်နေ့မှ စတင်၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကွတ်ခိုင်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများ လစဉ်ထုတ်ပေး
Jul 26,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မြန်မာ့စီးပွာရေးဘဏ်၌ ဇူလိုင်လ၊ (၂၁)ရက်နေ့ နံနက်ပိုင်း(၈)နာရီအချိန်ကစ၍ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်တောမြို့တွင် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပေါ်စေရန် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများ စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ
Jul 26,2023
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်ကလေးအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် အမှတ် (၂) ရပ်ကွက်သို့ သွားရောက်ပြီး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြသည်။
ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ
Jul 26,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ တာဝန်ရှိသူ များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉) နာရီအချိန်က လားရှိုးမြို့၊ ဒုတိယ ပြည်နယ်ဦးစီးမှူးရုံးရှိ ဧည့်ရိပ်သာခန်းမတွင် ကျင်းပသည်။
ကန့်ဘလူမြို့၌ အသားတိုးကဏ္ဍနှင့်မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးခြံများသို့ ကွင်းဆင်းစစ်ဆေး
Jul 26,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ဒေသတွင်းစားနပ်ရိက္ခာများ ဖူလုံစွာပိုလျှံစွာ မွေးမြူထုတ်လုပ်နိုင်ရေး၊ အသားကဏ္ဍပိုမိုထုတ်လုပ်နိုင်ရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကန့်ဘလူမြို့ အမှတ် (၂) ရပ်ကွက်ရှိ ဝက်မွေးမြူရေးခြံများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါက်တာမြတ်လင်းတို့မှ ဇူလိုင် ၂၅ ရက်မွန်းလွဲ ၃ နာရီခွဲတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့၊ အမက(၄)မူလွန်ကျောင်းတွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်
Jul 26,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်မဲမြို့နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန်က အမက(၄)မူလွန် ကျောင်းခန်းမတွင် အသိပညာပေးဟောပြောပွဲကျင်းပ‌ခဲ့‌ရာ အလယ်တန်းအဆင့် ကျောင်းသား/သူ ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကွတ်ခိုင်မြို့တွင် Mobile Libraryစနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊စာစောင်များငှားရမ်းပေး
Jul 26,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဝန်ထမ်းများက Mobile Libraryစနစ်ဖြင့် ယနေ့ နံနက် (၁၀)နာရီအချိန်တွင် မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ သုတ/ရသ စာအုပ်၊ စာစောင်များကို ငှားရမ်းပေးခဲ့ ကြောင်း သိရသည်။