မက်မန်းမြို့နယ်တွင် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

မက်မန်း ဇူလိုင် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မိဘဆရာအသင်းနှစ် ပတ်လည်အစည်းအဝေးနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က၊ မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၊ အောင် ရတနာ ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မက်မန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းက အဖွင့်အမှာစကားပြောကြားခြင်း၊ အမှတ်(၁၀၁၀)နယ်ခြားစောင့်တပ်၊ တပ်မှူးဗိုလ်မှူးစိုင်းယီက ကျောင်းများဖွံ့ဖြိုးတိုးတက် ရေးနှင့်ပတ်သက်၍ဆွေးနွေးပြောကြားခြင်း၊ မက်မန်းခရိုင် ပညာရေးမှူး ဦးသိန်းဆွေးဝင်းက မိဘဆရာအ သင်းနှစ်ပတ်လည် အစည်းအဝေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ မက်မန်းမြို့နယ် ပညာရေးမှူး ဦးခင်မောင်ကျော်က ပညာရည်ချွန်ဆုပေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ကြသော ကျောင်းသား/ ကျောင်းသူများနှင့်၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် Grade- 1 မှ Grade -11 တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိခဲ့သူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နယ်ခြားစောင့်တပ်မှူး၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာ များနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့က ဆုများပေးအပ်ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)