လားရှိုး ဇူလိုင် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ လားရှိုးမြို့ရှိ မြို့မဈေးကြီးအတွင်းတွင် တရုတ်နိုင်ငံဒေသထွက် မက်မန်း သီး၊ ပန်းသီး၊ မက်မွန်သီးအကြီးမျိုးများ ဈေးကောင်းရကာ ရောင်းကောင်းလျက်ရှိနေကြောင်း သိရသည်။
“ကျွန်မတို့က ဒီအသီးတွေကို ပွဲရုံကနေ သွားယူရောင်းတာပါ။ ဒီအသီးတွေကိုတော့ တရုတ်ကနေ တင်သွင်းလာတာပေါ့။ သာမန်အသီးတွေထက် ပိုကြီးသလို စားလို့လည်းကောင်းတယ်။ ဈေးလည်းကောင်းတယ်” ဟု သစ်သီးရောင်းချသူတစ်ဦးကပြောသည်။
တရုတ်နိုင်ငံဒေသထွက် မက်မွန်သီး ဆယ်လုံးလျှင် ၂၃၀၀၀ ကျပ်၊ ပန်းသီးဆယ်လုံးလျှင် ၁၈၀၀၀ ကျပ်၊ မက်မန်းသီးဆယ်လုံးလျှင် ၁၅၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိနေကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)