သတင်းများ

သရက်ချောင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း(မြစိမ်းရောင်) ကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များချပြရှင်းလင်းဆွေးနွေးပွဲကျင်းပ
Jul 23,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သမဝါယမဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ၂၀၂၃ခုနှစ်၊ မိုးစပါးစိုက်ပျိုးမည့်တောင်သူများအား
အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်စာဖတ်ဝိုင်းပြုလုပ်
Jul 23,2023
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club  အဖွဲ့တို့ပူးပေါင်း၍   လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများ စာပေမှရရှိမည့် ဗဟုတသုတများ ပိုမိုတိုးပွားလာ စေရန်ရည်ရွယ်၍ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားသည့် အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ဇူလိုင်လ ၂၁ရက်နေ့ ညနေ ၃ နာရီအချိန်ကကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းကျန်းမာရေးထူးချွန်ဆုရကျောင်းများ သန်လျင်၌ ဂုဏ်ပြုချီးမြှင့်
Jul 23,2023
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး ထူးချွန်ကျောင်းများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ဇူလိုင်လ ၂၁ ရက်နေ့ မွန်းလွဲ(၁)နာရီတွင် သန်လျင်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။
မိုင်းပန်မြို့နယ်၌ ဝန်ထမ်းပေါင်းစုံ‌ငွေစုငွေချေးသမဝါယမအသင်း၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကျင်းပ
Jul 23,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်အတွက် ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်း (လိမီတက်)၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးနေဦးနှင့် တာဝန်ရှိသူများသည် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးနှိမ်နင်းရေး ဖုံးသွန်လဲစစ်လုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး
Jul 23,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးနေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးကံထွန်းအောင် တာဝန်ရှိသူများနှင့်အတူ ကျန်းမာရေးဦးစီးဌာနနှင့် လူမှုရေးအဖွဲ့အစည်းများပူးပေါင်း၍ မိုးရာသီကာလအတွင်းဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့်အခြားရောဂါများမဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် ယမန်နေ့ နံနက် ၉ နာရီအချိန် မြို့မအနောက်ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် ဖုံးသွန်လဲစစ်လုပ်ငန်းများဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေးခြင်းနှင့် သာစံကျောင်းတိုက်၊ ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Jul 23,2023
ကျောင်းများဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေးတို့အတွက် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီး ရေလာကောင်းမွန်စေရေး၊ ကျောင်းသား/ ကျောင်းသူများ ကျန်းမာရေးကောင်းမွန်စွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် မိုးတွင်းကာလတွင် ခြင်များမပေါက်ပွားနိုင်စေရေးတို့အတွက်
တောင်ကြီးမြို့၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းပြုလုပ်
Jul 23,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်လူရွယ်များ အသိပညာဗဟုသုတ ရရှိစေရန် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို တောင်ကြီးမြို့ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်းတွင် ဇူလိုင်လ ၂၁ရက်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။
ကျောက်တော်မြို့နယ်တွင် ပြန်လည်ထူထောင်ရေးဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်အောင်သူဦးကတာ၀န်ရှိသူများနှင့်အတူ မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအားကြည့်ရှုအားပေး
Jul 23,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဥ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ ပြန်လည်ထူထောင်ရေးဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်အောင်သူဦးကတာ၀န်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၇:၃၀ နာရီအချိန်က ပိုက်သည်ရပ်ကွက်၊ မြို့အဝင်လမ်းတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်)မှ ကျောင်းသား၊ ကျောင်းသူများစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေခြင်းကို ကြည့်ရှုအားပေးသည်။