မောင်တော ဇူလိုင် ၂၃
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးနေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးကံထွန်းအောင် တာဝန်ရှိသူများနှင့်အတူ ကျန်းမာရေးဦးစီးဌာနနှင့် လူမှုရေးအဖွဲ့အစည်းများပူးပေါင်း၍ မိုးရာသီကာလအတွင်းဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့်အခြားရောဂါများမဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် ယမန်နေ့ နံနက် ၉ နာရီအချိန် မြို့မအနောက်ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် ဖုံးသွန်လဲစစ်လုပ်ငန်းများဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့သည်။
ရှေးဦးစွာ မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးနေဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် တာဝန်ရှိသူများသည်မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် မြို့နယ်ကုသရေးဦးစီဌာနမှူးဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးလုပ်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ၊ မိခင်နှင့်ကလေးစောင့်ရှောကရေး အသင်း၊ စည်ပင်သာယာရေးအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ မြို့မအနောက်ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်း၊ ဘုရားညောင်ရေအိုးများအားစစ်ဆေးခြင်း၊ ခြင်ခိုအောင်းပေါက်ပွားနိုင်သော ရေလှောင်ကန်များ၊ ရေစည်များ၊ ရေတွင်း၊ ရေကန်များထဲသို့ ပိုးလောက်လန်းသေအဘိတ်ဆေးများခပ်ပေးခြင်း၊ မလှဲမသွန်နိုင်သော နေရာများကို အဘိတ်ဆေးများ ခပ်ပေးဆောင်ရွက်နေမှုများ တာဝန်ရှိသူများက လိုက်လံကြည့်ရှအားပေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
သက်လွင်စိုး၊အောင်ကျော်စိန်(ခရိုင်ပြန်/ဆက်)