မိုင်းပန်မြို့နယ်၌ ဝန်ထမ်းပေါင်းစုံ‌ငွေစုငွေချေးသမဝါယမအသင်း၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကျင်းပ

မိုင်းပန် ဇူလိုင် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်အတွက် ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်း (လိမီတက်)၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ကျင်းပဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်နှင့် ဝန်ထမ်း‌ပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးလွှမ်းနိုင်က ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် နှစ်ချုပ်စာရင်းများရှင်းလင်းဖတ်ကြားခဲ့ရာ အသင်းသားများ၏ ဆန္ဒသဘောထားများရယူ၍ နှစ်ချုပ်စာရင်းများအတည်ပြုကြောင်း အတည်ပြုခဲ့သည်။

ထို့နောက် အမှုဆောင်တစ်ဦးလစ်လပ်သည့်နေရာအတွက် နောက်ထပ် အသစ်အစားထိုးခန့်အပ်ရွေးချယ်ပေးနိုင်ရန် တင်ပြခဲ့ပြီး တက်ရောက်လာသည့် အသင်းသားများ နားမလည်သည်များ မေးမြန်းခဲ့ပြီးနောက် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်အတွက် စုဆောင်းငွေအေပါ်အတိုးများနှင့် အစုရှယ်ရာအမြတ်များကို အသင်းကိုယ်စားလှယ်ဌာနဆိုင်ရာ အကြီးအကဲများမှ ထုတ်ပေးခဲ့ကြောင်း သိရသည်။

နော်မှိုင်း(ပြန်/ ဆက်)