သန်လျင် ဇူလိုင် ၂၃
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး ထူးချွန်ကျောင်းများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ဇူလိုင်လ ၂၁ ရက်နေ့ မွန်းလွဲ(၁)နာရီတွင် သန်လျင်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာသန်လျင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာထွန်း၊သန်လျင်အထွေထွေရောဂါကုဆေးရုံအုပ်ကြီးဒေါက်တာချိုချိုလွင်တို့ကဂုဏ်ပြုအမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးခင်မောင်ဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းကျန်းမာရေးထူးချွန်ဆုရအထက်တန်းဆင့်တွင် ပထမ အ.ထ.က(၁)၊ ဒုတိယအ.ထ.က(၂)၊ တတိယအ.ထ.က(၄)၊ အလယ်တန်းဆင့်တွင် ပထမအ.လ.က(ထော်ဝက်)၊ ဒုတိယအ.လ.ကကွမ်းခြံကုန်း၊ တတိယအ.လ.က(ညောင်(၁))၊ မူလတန်းဆင့်တွင် ပထမမူလွန်ကျိုက်အင်း၊ ဒုတိယမူလွန်(ဗဟို)၊ တတိယအ.မ.က(သောက်တော်တွင်း)ကျောင်းတို့အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးအာကာထွန်း၊ ဆေးရုံအုပ်ကြီးဒေါက်တာချိုချိုလွင်၊ မြို့နယ်ပညာရေးမှူးဦးခင်မောင်ဝင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်ဆက်)