ကျောက်တော်မြို့နယ်တွင် ပြန်လည်ထူထောင်ရေးဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်အောင်သူဦးကတာ၀န်ရှိသူများနှင့်အတူ မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအားကြည့်ရှုအားပေး

ကျောက်တော်   ဇူလိုင် ၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဥ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ ပြန်လည်ထူထောင်ရေးဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်အောင်သူဦးကတာ၀န်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၇:၃၀ နာရီအချိန်က ပိုက်သည်ရပ်ကွက်၊ မြို့အဝင်လမ်းတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်)မှ ကျောင်းသား၊ ကျောင်းသူများစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေခြင်းကို ကြည့်ရှုအားပေးသည်။

အဆိုပါ  စုပေါင်းသန့်ရှင်းရေးဆောင်ရွက်သည့်ပူးပေါင်းအဖွဲ့သည် လမ်းဘေးဝဲယာရှိ ချုံနွယ်ပိတ်ပေါင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ပိန်းပင်၊ပေါင်းပင်များအားရှင်းလင်းခြင်း၊ သစ်ကိုင်းများအားခုတ်ခွင်ရှင်းလင်းကာ စည်ပင်သာယာရေးအမှိုက်သိမ်းကားများဖြင့် အမှိုက်များစနစ်တကျစွန့်ပစ်ခြင်းများ ဆောင်းရွက်ခဲ့ကြသည်။

ထို့နောက် ပြန်လည်ထူထောင်ရေးဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်အောင်သူဦးက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်သည့်ပူးပေါင်းအဖွဲ့အား အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်၊ ချမ်းမြေ့နဒီစာကြည့်တိုက်နှင့် စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်)ကျောင်းအတွက် သုတ/ရသစာအုပ်၊ စာစောင်များကို ပေးအပ်ရာ တာဝန်ရှိသာများက လက်ခံရယူကြသည်။

ဖြူဖြူဝင်း